လိမ္လည္ျခင္းႏွင့္က်န္းမာေရး....!
မ႐ိုးသားဘဲ လိမ္လည္တတ္ျခင္းသည္ စစ္မွန္ေသာမိတ္ေဆြသူငယ္ ခ်င္းတို႔ႏွင့္ ခင္မင္မႈ
ပ်က္ျပယ္ေစ႐ံုသာမကက်န္းမာေရးကိုလည္း ထိခိုက္ေစႏုိင္သည္ဟု ေလ့လာမႈအသစ္တစ္ရပ္က ဆိုထားေၾကာင္း အင္တာနက္ သတင္းတစ္ခုအရ သိရသည္။
အဆိုပါအခ်က္ႏွင့္ ပတ္သက္၍ သမားေတာ္ႀကီး ပါေမာကၡၡ ဦးကိုကိုလွအား ေမးျမန္းၾကည့္ရာ- “ဒီအခ်က္ကို ဆရာသေဘာတူပါတယ္။ လိမ္လည္တဲ့သူေတြက စိတ္မလံုဘူး။ တစ္ခုခုကို လိမ္ညာထားၿပီး ရင္စိတ္ထဲမွာလည္း တထင့္ထင့္ျဖစ္ေနတတ္ပါတယ္။ လိမ္လည္တာေၾကာင့္ ခႏၶာကိုယ္မွာဆိုရင္ အစာအိမ္ ကေန အခ်ဥ္ဓာတ္ေတြ ပိုထြက္လာတတ္တယ္။ ဒါေၾကာင့္ အစာအိမ္အူလမ္းေၾကာင္း က်န္းမာေရးထိခိုက္ ရတတ္ပါတယ္္္” ဟု သမားေတာ္ႀကီး ပါေမာကၡဦးကိုကိုလွက ရွင္းျပသည္။ အဆိုပါ အင္တာနက္ သတင္းအ ရ အေမရိကန္လူမ်ဳိးမ်ားသည္ တစ္ပတ္လွ်င္ ၁၁ ႀကိမ္ခန္႔ လိမ္လည္စကားဆိုတတ္ၾကေၾကာင္း ေလ့လာမႈ အရသိရသည္ဟု ေဖာ္ျပထားၿပီး ေလ့လာမႈတြင္ ပါဝင္သူမ်ားအား ေန႔စဥ္ လိမ္လည္တတ္သည့္ အက်င့္အား
ေလွ်ာ့ခ်ေစခဲ့ရာ က်န္းမာေရး အေျခအေန သိသိသာသာ ေကာင္းမြန္လာခဲ့ေၾကာင္း သိရသည္။ မၾကာခဏ မုသားေျပာတတ္ေသာသူမ်ားသည္ မုသားမေျပာသူမ်ားထက္ စိတ္ဖိစီးမႈႏွင့္ ပူပင္ေသာကမ်ားျခင္း အပါအ ၀င္ စိတ္က်န္းမာေရး အေျခအေန သိသိသာသာ ခံစားရတတ္သည္ဟု ႏိုထရီဒိမ္းတကၠသိုလ္မွ ေလ့လာသူ မ်ားက ေတြ႕ရွိေလ့လာခဲ့သည္။
“လိမ္ညာဖို႔ ႀကိဳးစားေနရတဲ့ အခါမွာ ခႏၶာကိုယ္ထဲမွာ စိတ္ဖိစီးမႈ ေဟာ္မုန္းေကာ္တီေဆာေတြနဲ႔ မေကာင္းတဲ့ ဓာတ္ေတြ အထြက္မ်ားလာပါတယ္။ ဒါေၾကာင့္ သူတစ္ပါးကို လိမ္လည္လွည့္ျဖားတတ္တဲ့ သူေတြက ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးတင္မက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးလည္း ထိခိုက္ရတာပါ” ဟု ပါေမာကၡ ဦးကိုကိုလွက ေျပာၾကားသည္။ လိမ္ညာရန္ ႀကိဳးစားအားထုတ္မႈ နည္းသူမ်ားသည္ ေပါင္းသင္း ဆက္ဆံေရးတြင္ ပိုမိုအဆင္ေျပတတ္သကဲ့သို႔ က်န္းမာေရးမေကာင္းေသာ အေျခအေန ၾကံဳေတြ႔ရမႈလည္း
ေလ်ာ့နည္းတတ္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္အရ သိရသည္။
“မိန္းကေလးနဲ႔ ေယာက်္ားေလးေတြကို ေလ့လာတဲ့ ကၽြန္မရဲ႕ ေလ့လာမႈအရ ႐ိုးသားတဲ့သူ၊ ပြင့္လင္းတဲ့ေပါင္းသင္းဆက္ဆံေရး ရွိတဲ့သူေတြဟာ စိတ္ဓာတ္က်မႈျဖစ္ႏႈန္း ေလ်ာ့နည္းၿပီး ကုိယ့္ကုိကုိယ္ ေလးစားစိတ္ ပိုမိုျမင့္တက္တာကို ေတြ႕ရတယ္” ဟု Wellesley ေကာလိပ္၏ တြဲဖက္ပါေမာကၡ ဆယ္လီသီရန္က ရွင္းျပ သည္။ “မလိမ္ညာဘဲ ႐ိုးသားတဲ့သူေတြက်ေတာ့ အျမဲ စိတ္ေအးလက္ေအးရွိတယ္။ ေနာက္ေက်ာလံုတယ္ လို႔ ေျပာရမွာေပါ့၊ ညဘက္ဆိုလည္း ေကာင္းေကာင္း အိပ္ေပ်ာ္တယ္၊ အစာကိုလည္း ေအးေအးေဆးေဆး စားႏိုင္တယ္။ လိမ္တဲ့သူေတြက်ေတာ့ အစာစားရင္ေတာင္ က်ီးလန္႔စာစားရတဲ့ အျဖစ္မ်ဳိး ေရာက္ရတတ္ပါ တယ္” ဟု သမားေတာ္ႀကီး ပါေမာကၡ ဦးကိုကိုလွက ရွင္းျပသည္။ တစ္ခါတစ္ရံ အမွန္တရားကုိ ေျပာရသည္ မွာ အႏၲရာယ္မကင္းေသာ အေနအထားသို႔ ေရာက္တတ္ေသာ္လည္း အမွန္ကို ေျပာျခင္းေၾကာင့္ အျမဲ တေစ လိပ္ျပာလံုတတ္ေၾကာင္း တြဲဖက္ပါေမာကၡ ဆယ္လီသီရန္က ရွင္းျပခဲ့သည္။ “လူေတြ လိမ္လိုက္တဲ့ အခါ ရွက္ရြံ႕စိတ္ ျမင့္တက္လာၿပီး ကိုယ့္ကိုယ္ကိုယ္ ေလးစားစိတ္ကိုလည္း ဆိုးဆိုးရြားရြား ထိခိုက္ေစႏိုင္ပါ တယ္။ ဒါေၾကာင့္ လိမ္တတ္တာက က်န္းမာေရး ထိခိုက္တတ္တယ္ဆိုတာ အံ့အားသင့္စရာေတာ့ မဟုတ္ ပါဘူး” ဟု ပါေမာကၡ ဦးကိုကိုလွက ျဖည့္စြက္ေျပာၾကားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေငြစုစံ
#Unicode Version
မရိုးသားဘဲ လိမ်လည်တတ်ခြင်းသည် စစ်မှန်သော
မိတ်ဆွေသူငယ် ချင်းတို့နှင့် ခင်မင်မှု
ပျက်ပြယ်စေရုံသာမကကျန်းမာရေးကိုလည်း
ထိခိုက်စေနိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဆိုထားကြောင်း
အင်တာနက် သတင်းတစ်ခုအရ သိရသည်။
အဆိုပါအချက်နှင့် ပတ်သက်၍ သမားတော်ကြီး ပါမောက္ခ္ခ ဦးကိုကိုလှအား မေးမြန်းကြည့်ရာ- “ဒီအချက်ကို ဆရာသဘောတူပါတယ်။ လိမ်လည်တဲ့သူတွေက စိတ်မလုံဘူး။ တစ်ခုခုကို လိမ်ညာထားပြီး ရင်စိတ်ထဲမှာလည်း တထင့်ထင့်ဖြစ်နေတတ်ပါတယ်။ လိမ်လည်တာကြောင့် ခန္ဓာကိုယ်မှာဆိုရင် အစာအိမ် ကနေ အချဉ်ဓာတ်တွေ ပိုထွက်လာတတ်တယ်။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးထိခိုက် ရတတ်ပါတယ်” ဟု သမားတော်ကြီး ပါမောက္ခဦးကိုကိုလှက ရှင်းပြသည်။ အဆိုပါ အင်တာနက် သတင်းအ ရ အမေရိကန်လူမျိုးများသည် တစ်ပတ်လျှင် ၁၁ ကြိမ်ခန့် လိမ်လည်စကားဆိုတတ်ကြကြောင်း လေ့လာမှု အရသိရသည်ဟု ဖော်ပြထားပြီး လေ့လာမှုတွင် ပါဝင်သူများအား နေ့စဉ် လိမ်လည်တတ်သည့် အကျင့်အား
လျှော့ချစေခဲ့ရာ ကျန်းမာရေး အခြေအနေ သိသိသာသာ ကောင်းမွန်လာခဲ့ကြောင်း သိရသည်။ မကြာခဏ မုသားပြောတတ်သောသူများသည် မုသားမပြောသူများထက် စိတ်ဖိစီးမှုနှင့် ပူပင်သောကများခြင်း အပါအ ဝင် စိတ်ကျန်းမာရေး အခြေအနေ သိသိသာသာ ခံစားရတတ်သည်ဟု နိုထရီဒိမ်းတက္ကသိုလ်မှ လေ့လာသူ များက တွေ့ရှိလေ့လာခဲ့သည်။
“လိမ်ညာဖို့ ကြိုးစားနေရတဲ့ အခါမှာ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု ဟော်မုန်းကော်တီဆောတွေနဲ့ မကောင်းတဲ့ ဓာတ်တွေ အထွက်များလာပါတယ်။ ဒါကြောင့် သူတစ်ပါးကို လိမ်လည်လှည့်ဖြားတတ်တဲ့ သူတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတင်မက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ထိခိုက်ရတာပါ” ဟု ပါမောက္ခ ဦးကိုကိုလှက ပြောကြားသည်။ လိမ်ညာရန် ကြိုးစားအားထုတ်မှု နည်းသူများသည် ပေါင်းသင်း ဆက်ဆံရေးတွင် ပိုမိုအဆင်ပြေတတ်သကဲ့သို့ ကျန်းမာရေးမကောင်းသော အခြေအနေ ကြုံတွေ့ရမှုလည်း
လျော့နည်းတတ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။
“မိန်းကလေးနဲ့ ယောကျ်ားလေးတွေကို လေ့လာတဲ့ ကျွန်မရဲ့ လေ့လာမှုအရ ရိုးသားတဲ့သူ၊ ပွင့်လင်းတဲ့
ပေါင်းသင်းဆက်ဆံရေး ရှိတဲ့သူတွေဟာ စိတ်ဓာတ်ကျမှုဖြစ်နှုန်း လျော့နည်းပြီး ကိုယ့်ကိုကိုယ် လေးစားစိတ် ပိုမိုမြင့်တက်တာကို တွေ့ရတယ်” ဟု Wellesley ကောလိပ်၏ တွဲဖက်ပါမောက္ခ ဆယ်လီသီရန်က ရှင်းပြ သည်။ “မလိမ်ညာဘဲ ရိုးသားတဲ့သူတွေကျတော့ အမြဲ စိတ်အေးလက်အေးရှိတယ်။ နောက်ကျောလုံတယ် လို့ ပြောရမှာပေါ့၊ ညဘက်ဆိုလည်း ကောင်းကောင်း အိပ်ပျော်တယ်၊ အစာကိုလည်း အေးအေးဆေးဆေး စားနိုင်တယ်။ လိမ်တဲ့သူတွေကျတော့ အစာစားရင်တောင် ကျီးလန့်စာစားရတဲ့ အဖြစ်မျိုး ရောက်ရတတ်ပါ တယ်” ဟု သမားတော်ကြီး ပါမောက္ခ ဦးကိုကိုလှက ရှင်းပြသည်။ တစ်ခါတစ်ရံ အမှန်တရားကို ပြောရသည် မှာ အန္တရာယ်မကင်းသော အနေအထားသို့ ရောက်တတ်သော်လည်း အမှန်ကို ပြောခြင်းကြောင့် အမြဲ တစေ လိပ်ပြာလုံတတ်ကြောင်း တွဲဖက်ပါမောက္ခ ဆယ်လီသီရန်က ရှင်းပြခဲ့သည်။ “လူတွေ လိမ်လိုက်တဲ့ အခါ ရှက်ရွံ့စိတ် မြင့်တက်လာပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါ တယ်။ ဒါကြောင့် လိမ်တတ်တာက ကျန်းမာရေး ထိခိုက်တတ်တယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ် ပါဘူး” ဟု ပါမောက္ခ ဦးကိုကိုလှက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: ငွေစုစံ
Post a Comment